မင်္ဂလာပါခင်ဗျာ ကိုဗစ်ကာလမှာ ဓမ္မစကူးလ်မိသားစုများအတွက် အထောက်ကူပြု အပလီကေးရှင်းလေးတစ်ခုကြိုးပမ်းခဲ့ပါတယ်။

ကိုဗစ်ကာလရဲ့အမြတ်လို့ပဲ သဘောထားရမှာပါပဲ။ နည်းပညာကို ကျွမ်းကျင်သူတစ်ယောက်မဟုတ်သော်လည်း လုပ်ပေးချင်တဲ့စိတ်တစ်ခုတည်းနဲ့ လေ့လာသင်ယူရင်း လုပ်ပေးထားတာဖြစ်တဲ့အတွက် သပ်ရပ်မှုစနစ်ကျမှုမရှိသေးပါဘူး။




အဲ့ဒိဆော့ဝဲလေးတစ်ခုဖုန်းထဲထည့်ထားရုံနဲ့ ဓမ္မစကူးလ်သင်ထောက်ကူဗီဒီများ တေးသီချင်းများ တေးကဗျာများ 

ဆရာကိုင်ကျောင်းသားကိုင်စာအုပ်များ ကဗျာ ဝတ္ထုဆောင်းပါးများ ဆရာတော်ဘုရားများရဲ သြဝါဒများ ဓမ္မစကူးလ် သတင်းနဲ့ညွှန်ကြားချက်များစုံစုံလင်လင်ပါရှိအောင်နဲ့ ဒေါင်းလော့ဆွဲ၍လည်း ရယူနိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားပါမယ်။




အခုနေတော့ဆော့ဝဲကို အသက်မသွင်းနိုင်သေးပါဘူး ဘဏ်နဲ့ချိတ်ဆက်ဆောင်ရွက်စရာတွေရှိနေသေးလို့ ကပ်ရောဂါထိန်းချုပ်နိုင်မှပဲ အသတ်သွင်းသုံးစွဲလို့ရပါမယ်။

အခုကပါဝင်မယ့် မူကြမ်းတွေသာဖြစ်တဲ့အတွက် ထပ်မံထည့်သွင်းသင့်တာတွေလည်း အကြံပြုပေးစေလိုပါတယ်။



အမြန်သုံးချင်ရင်တော့ မကြာမကြာ update မြှင့်ပြီး ကောင်းသထက်ကောင်းတဲ့ ဆော့ဝဲကို သုံးနိုင်မှာပါ။


အခုလိုတင်တာ ကြွားချင်လို့တော့မဟုတ်ပါဘူး

အများကိုအသိပေးတာဖြစ်တဲ့အတွက် လုပ်ဖြစ်အောင်

ကိုယ့်ကိုယ်ကို တွန်းအားပေးတဲ့သဘောနဲ့ အကြံပြုလိုသည်များကို အကြံပြစေချင်တဲ့သဘောပဲဖြစ်ပါတယ်။ 




သိသလောက်တက်သလောက်နဲ့ ရှိတဲ့ပစ္စည်းကိရိယာလေးတွေနဲ့ပဲ အကောင်းဆုံးဖြစ်အောင်လုပ်ပေးသွားပါ့မယ်။


We Love Dhamma School



Post a Comment

0 Comments